“မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကစားမည်”
11 Nov
လာမယ့် နိုဝင်ဘာလ ၁၄ ရက်မှာ ကျင်းအပြုလုပ်မည့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းက နိုဝင်ဘာလ ၉ ရက်မှာ လေ့ကျင့်ခန်းစတင် ပြုလုပ်လျက်ရှိတယ်လို့ မြန်မာ့လက်ရွေးစင် အသင်းက အသိပေးထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုဝင်ဘာလ ၁၄ ရက်မှာ စင်ကာပူအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစား ရမှာဖြစ်ပြီး၊ နိုဝင်ဘာလ ၁၉ ရက်မှာ လက်ဘနွန်အသင်းနှင့် အိမ်ကွင်း၌ ယှဥ်ပြိုင်ကစားသွားကြရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းက ပြီးခဲ့သော အောက်တိုဘာလ ၁၀ ရက်နှင့် ၁၃ ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်းအတွင်း သီရိလင်္ကာ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ကျော့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယခုနှစ် ဖီဖာက ကျင်းပပြုလုပ်သည့် နိုင်ငံတကာခြေစမ်းပွဲစဉ်များကို မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယူ-၁၇အမျိုးသား အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။ (NVS 003)