“ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲမှာ ကာယဗလမောင် ရဲထွန်းနောင် ရွှေတံဆိပ်ဆွတ်ခူး”
11 Nov
ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲမှာ မြန်မာမှ ရဲထွန်းနောင် ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကို မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resort မြို့မှာ နိုဝင်ဘာလ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်တွင် ၇၅ ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရဲထွန်းနောင် က ပထမဆု(ရွှေတံဆိပ်)၊ ဖိလစ်ပိုင်မှ ဒုတိယဆု(ငွေတံဆိပ်)နဲ့ အိန္ဒိယမှတတိယဆု(ကြေးတံဆိပ်)တို့ကို အသီးသီးရရှိခဲ့ပါတယ်။ ရဲထွန်းနောင် က ၇၅ ကီလိုတန်းမှာ ပထမဆုရရှိခဲ့တဲ့အတွက် နိုဝင်ဘာလ ၁၀ ရက်မှာ Over Oll Championship ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံမှအားကစားသမား ၃၀၀ ခန့်ပါ၀င်ပြီး ပြိုင်ပွဲအမျိုးအစား ၅၀ တန်း ကျင်းပခဲ့ရာ မြန်မာမှ ၇၅ ကီလိုတန်းတစ်တန်းသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)