"ထရမ့်အစိုးရအဖွဲ့တွင် နစ်ကီဟာလေးနှင့်မိုက်ပွန်ပီယိုတို့ မပါဝင်တော့ဟုဆို"
11 Novထရမ့်အစိုးရအဖွဲ့တွင် နစ်ကီဟာလေးနှင့်မိုက်ပွန်ပီယိုတို့ ပါဝင်တော့မည်မဟုတ်ကြောင်း အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ ထရမ့်၏ လူမှုကွန်ရက်တွင် ၎င်းအနေဖြင့် သံအမတ်ဟောင်း နစ်ကီဟာလေးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ကွန်ပီယို တို့ ယခုအစိုးရအဖွဲ့မှာ ပြန်လည် တာဝန် ထမ်းဆောင်ရန် မဖိတ်ခေါ်ဘူးဟု ရေးသားထားသည်။ နစ်ကီဟာလေးသည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းတွင် အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းတွင် ထရမ့်နှင့်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။ စီအိုင်အေ ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသည့် မိုက်ပွန်ပီယို ကို ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ပေးနိုင်သည်ဟူသော သတင်းများထွက်ပေါ်နေစဉ် အမေရိကန်သမ္မတလောင်း က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။ လက်ရှိတွင် ဒေါ်နယ်ထရမ့် က ၎င်း၏အစိုးရအဖွဲ့အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း TST သတင်းဌာနဖော်ပြချက်အရ သိရသည်။