"အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာ၌သေဆုံးရသူ ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ် များဖြစ်"

11 Nov

ဂါဇာဒေသအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် သေဆုံးရသူများအနက် ၇၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏လူ့အခွင့်အရေးရုံး(OHCHR) က ထုတ်ပြန်ထား သည်။ ထို့ကြောင့် အစ္စရေးစစ်ဘက်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပေဒ၏အခြေခံ စည်းမျဉ်းများ ကို စနစ်တကျ ချိုးဖောက်လျက်ရှိကြောင်း ယခုဖြစ်စဉ်များက ညွှန်ပြနေသည်ဟု OHCHR ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် ၈၀ ရာခိုင်နှုန်းမှာ လူနေရပ်ကွက် များ အတွင်း သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၄၄ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်ပြီး အမျိုးသမီးများ က ၂၆ ရာခိုင်နှုန်းဖြစ်ကြောင်း OHCHR ၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်လ၌ အစ္စရေးသည် ဂါဇာရှိ စာသင်ကျောင်း စုစုပေါင်း ၆၄ ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် စာသင်ကျောင်းနှစ်ကျောင်းမှာ တိုက်ခိုက်ခံရ ကြောင်း၊ ထိုသို့ စာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွင် ခန့်မှန်းခြေ လူ ၁၂၈ ဦး သေဆုံးကာ အများစုမှာ ကလေး ငယ်များ ဖြစ်ကြောင်း ယူနီဆက်က ထုတ်ပြန်ထားသည်။ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာ ကမ်းမြောင် ဒေသရှိ စာသင်ကျောင်း ၉၅ ရာခိုင်နှုန်းမှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးလုံးလျားလျား ပျက်စီးသွားပြီ ဖြစ်ကြောင်း Sky News သတင်းဌာနတွင် ဖော်ပြထားသည်။

11 Nov

ADVERTISE HERE .