“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ယခင်အပတ်ကထက် ဈေးနှုန်းမြင့်တက်”

11 Nov

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံများမှာ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆,၆၃၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အဆိုပါဈေးနှုန်းက ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ဖြစ်ပေါ်နေသော ဈေးကွက်နှင့်ဈေးနှုန်း များအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းမှာ ၆,၅၉၅ ကျပ်ဖြစ်လို့ ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ၄၀ ကျပ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 003)

11 Nov

ADVERTISE HERE .