“တရားမဝင်နည်းလမ်းနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ကြေညာထား”
11 Novကိုရီးယားရောက် မြန်မာများအနေနဲ့ သက်တမ်းကုန်ဆုံးသွားတဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ်များကို တရားမဝင်တဲ့ တံဆိပ်တုံးများနဲ့ သက်တမ်းတိုးပါက ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေနှင့် အရေးယူခံရမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်အသိပေးထားပါတယ်။ ထုတ်ပြန်ချက်မှာတော့ အချို့သော မြန်မာနိုင်ငံသားများအနေနဲ့ ၎င်းတို့ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်များကို တရားမဝင် တံဆိပ်တုန်း အတုအပဖြင့် သက်တမ်းတိုးခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည့်အတွက် မြန်မာသံရုံး အနေဖြင့် အဆိုပါနိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်လက်အရေးယူနိုင်ရေးအတွက် ကိုရီးယားနိုင်ငံရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့် အပါအဝင် နယ်မြေခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (NVS 003)