အာနိုး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်အသင်း လက်လွှတ်ရဖွယ်ရှိ

10 Nov

လီဗာပူးလ်အသင်းက အဓိကတောင်ပံခံစစ်ကစားသမား အာနိုး နဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း ညှိနှိုင်းမှုအဆင်မပြေဖြစ်နေပြီး ကြန့်ကြာနေသည့်အတွက် ရာသီအကုန်တွင် အလွတ် ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ အာနိုး ဟာ လီဗာပူးလ်အသင်း အကယ်ဒမီထွက် တောင်ပံခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ လက်ရှိကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား များတွင် ပါဝင်ရပ်နေသူဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီအကုန်တွင် လီဗာပူးလ်အသင်းနှင့် အာနိုး တို့ စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ ရာသီအကုန်တွင် စာချုပ် သက်တမ်းပါ ကုန်ဆုံးမှာဖြစ်လို့ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားအနေနဲ့ ကစားလိုတဲ့အသင်းနဲ့ ဆွေးနွေးမှုများ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။(NVS 008)

10 Nov

ADVERTISE HERE .