ဂျပန်နိုင်ငံတစ်ဝန်း၌ တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားနေ

10 Nov

ဂျပန်နိုင်ငံတစ်ဝန်း၌ တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားနေသည်ဟု အစိုးရ၏ ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅,၁၂၇ ဦးရှိကြောင်း၊ ထိုပမာဏသည် လွန်ခဲ့သော သီတင်းပတ်ကထက် ရောဂါဖြစ်ပွားသူ ၈၂၉ ဦးမြင့်တက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ တုပ်ကွေးရောဂါဖြစ်ပွားသူများအနက် အများဆုံးမှာ အိုကီနာဝါစီရင်စုမှဖြစ်ပြီး ဆေးခန်းတစ်ခုလျှင် ရောဂါဖြစ်ပွားသူ ၁၀ ဦးကျော်ရှိသည်။ ၎င်းနောက် ရှီဇူအိုကာ၊ ချီဘား၊ အိုအီတာနှင့် ဖူကူအီ တို့က ရောဂါဖြစ်ပွားမှု အများဆုံးဒေသများအဖြစ် ရပ်တည်နေသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ကိုမကြာခဏဆေးခြင်း၊ နှာခေါင်းစည်းကို သင့်လျော်စွာအသုံးပြု ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့အပါအဝင် အခြေခံရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများကပြောသည်။

10 Nov

ADVERTISE HERE .