ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် အသင်းအဖြစ် ချဲလ်ဆီးအသင်းမှတ်တမ်းဝင်
09 Novချဲလ်ဆီးအသင်းက ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် နိုအာအသင်းကို ရှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခင်က ယူရိုပါလိဂ်ပြိုင်ပွဲတွင် နော့ဂျေးလန်အသင်းက လူဒိုဂိုရက်စ်အသင်းကို ခုနစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲစဉ်က ဂိုးအများဆုံးသွင်းယူနိုင်သည့်ပွဲစဉ်အဖြစ် ရပ်တည်နေသော်လည်း ယခုအခါ ချဲလ်ဆီးအသင်းက နိုအာအသင်းကို ရှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် နော့ဂျေးလန်အသင်း၏ စံချိန်ကိုကျော်ဖြတ်၍ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်းက အာမေးနီးယားကလပ် နိုအာအသင်းကို ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်တွင် အဒါယာဘီအိုယို၊ ၁၃ မိနစ်တွင် ဂူယူ၊ ၁၈ မိနစ်တွင် ဒီဆာစီ၊ ၂၁ မိနစ်နဲ့ ၄၁ မိနစ်တွင် ဂျာအိုဖီးလစ်၊ ၃၉ မိနစ်တွင် မူဒရစ် တို့ရဲ့ဂိုးများနဲ့ ပထမပိုင်းတွင် ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု အသားပေးကစား၍ ပွဲချိန် ၆၉ မိနစ်နဲ့ ၇၆ မိနစ်တို့တွင် အန်ကူကူ က ဦးဆောင်ဂိုးများ ထပ်မံသွင်းယူခဲ့ပြီး ရှစ်ဂိုးပြတ်အနိုင်ရကာ ဥရောပပြိုပ်ပွဲတွင် ဂိုးပြတ်အနိုင်ရသည့် ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။(NVS 008)