ဒီဂျောင် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိနေတဲ့ ဘာစီလိုနာအသင်း

09 Nov

ဘာစီလိုနာအသင်းက ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်ကွင်းလယ်ကစားသမား ဒီဂျောင် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးရမည်ကို စိုးရိမ်နေကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဒီဂျောင် ကို ဘာစီလိုနာအသင်းက ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းထံမှ ယူရို ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ် က ဖရန်ကီဒီဂျောင် ကို အသင်းရဲ့ သော့ချက်ကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့သော် ဒီဂျောင် က ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိဘဲ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာလိုနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဒီဂျောင် ကိုခေါ်ယူရန် မန်ယူအပါအဝင် ဥရောပ ထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။(NVS 008)

09 Nov

ADVERTISE HERE .