ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စူပါကွန်ပျူတာ ခန့်မှန်းချက်ထွက်ပေါ်

09 Nov

ပုံစံသစ်ဖြင့်ကျင်းပနေသော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြင်သစ်ထိပ်သီး PSG အသင်းအနေနဲ့ ရှုံးထွက်(၁၆)သင်း အဆင့်သို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း အချက်အလက်များအပေါ် အခြေခံတွက်ချက်သည့် Opta ရဲ့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။ စူပါကွန်ပျူတာက PSG အသင်းအနေဖြင့် လက်ရှိရပ်တည်မှုအတိုင်း အဆင့် ၂၅ မှာသာ ရပ်တည် နိုင်လိမ့်မယ် လို့ ခန့်မှန်းခဲ့ခြင်းဖြစ်ပါတယ်။ နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည့် အသင်း ၈ သင်းမှာ လီဗာပူးလ်၊ အင်တာမီလန်၊ စပို့တင်းလစ္စဘွန်း၊ ဘာစီလိုနာ၊ ဒေါ့မွန်၊ မန်စီးတီး၊ အတ္တလန်တာနဲ့ မိုနာကိုအသင်းတို့ဖြစ်ပြီး အက်စတွန်ဗီလာနဲ့ အာဆင်နယ်အသင်းတို့မှာ Play-offs သာ ကစားခွင့်ရမှာဖြစ်ကြောင်း စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။(NVS 008)

09 Nov

ADVERTISE HERE .