မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများကို စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်

09 Nov

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ ဝတ်ရွတ် အသင်းအဖွဲ့များက အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ မီးပုံးပျံကြီးများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်ပွဲနှင့် မီးရှူး မီးပန်းများ ပစ်လွှတ်ပူဇော်မှု၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ဆီမီး ၉,၀၀၀ ထွန်းညှိကပ်လှူပူဇော်မှု၊ LED မီးများဖြင့် အလှဆင်ပူဇော်မှုများ စီစဉ်ကျင်းပမည့်အပြင် ဇာတ်သဘင်ပွဲထည့်သွင်းပြီး ကပြဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကား သိုက်မြိုက်စွာ စီစဉ်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာအစားအစာ အရောင်းဆိုင်များ ထည့်သွင်းခင်းကျင်းပြသ၊ ရောင်းချကြမည်ဖြစ်ပြီး ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုတွင် မြန်မာနိုင်ငံ၊ သဘင် အစည်းအရုံး၏စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ညစဉ်က ပြဖျော်ဖြေတင်ဆက်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

09 Nov

ADVERTISE HERE .