ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး

09 Nov

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအန်းမြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း ဆူဒန်နိုင်ငံစွမ်းအင်နှင့်ရေနံဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အာရပ်နိုင်ငံများ အဖွဲ့ချုပ်၏ သံအမတ်ကြီးတို့အပြင် Central Asian Oil City မှ အမှုဆောင်အရာရှိချုပ်နှင့် ကမ္ဘာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ China Association for Asian Economic Development Mining Professional Committee မှ Deputy Secretary General၊ အီရန်နိုင်ငံမှ Iran National Innovation Fund တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ ရေနံထွက်ပစ္စည်းများထုတ်လုပ်မှု နယ်ပယ်များတွင် အဆင့်မြင့်နည်းပညာများအသုံးချရေး၊ တီထွင်ဆန်းသစ်မှုများပြုလုပ်နိုင်ရေး၊ ကုန်းတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးသုံး စက်ပစ္စည်းကိရိယာများအား မူရင်းထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးတို့ အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာကုန်စည်ပြပွဲ (Asian Oil & Gas Equipment Exhibition)နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ် (Investment Forum for Oil & Gas Sector)တစ်ခုအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကိစ္စ ရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

09 Nov

ADVERTISE HERE .