“ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်တွင် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ ကျင်းပသွားမည်”
08 Novရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်တွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော်ပွဲကို အကြိမ် ၄၀ မြောက်အဖြစ် နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ဆက်ကပ်ပူဇော်ပွဲကို ပါဝင်ယှဉ်ပြိုင် လိုသူများအနေဖြင့် အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိ ရက်ကန်းခတ်ကျွမ်းကျင်သူ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ပါ တယ်။ အဆိုပါ ရက်ကန်းပြိုင်ပွဲကို ရက်ကန်းစင်တော်ပေါင်း ၂၀ ကျော်ဖြင့် နှစ်စဉ်ပါဝင်ယှဉ်ကြလေ့ရှိပါတယ်။ ယခုနှစ်မှာလည်း ပါဝင်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲဝင်ဆုကြေးအနေနဲ့ ယခင်နှစ်များအတိုင်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)