ကုန်ဈေးနှုန်းသတင်း ၈.၁၁.၂၀၂၄
08 Novအောက်တိုဘာလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး အနည်းငယ် တက်လာပြီး ပဲစင်းငုံနီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေပေမယ့် မန်ကျည်းသီးနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၈,၂၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၁,၁၄၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၁၀၅ ကျပ်ကနေ ၆,၁၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၀,၅၆၄ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၇၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၁,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၇,၅၀၀ ကျပ်၊ ငါးနှပ်ချို တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ ငါးရွှေ(သေး) တစ်ပိဿာကို ၁၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၈၈ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၅၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၃၀ ကျပ်၊ မန္တလေးမှာ ၃,၁၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၀ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၅ ကျပ်၊ မန္တလေးမှာ ၃,၄၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၀၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၅၂၀,၇၁၅/-) ငါးဆယ် ငါးသိန်း နှစ်သောင်း ခုနစ်ရာ တစ်ဆယ် ငါးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၅၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။