“ဆာလတ် ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်း”

08 Nov

ဘာစီလိုနာအသင်းက ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလတ် ကို လာမည့် ၂၀၂၅ နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလတ် က ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဆာလတ် အနေနဲ့ လီဗာပူးလ်အသင်းမှ ထွက်ခွာတော့မယ်လို့ ပရိသတ်များက ယူဆနေကြတာ ဖြစ်ပါတယ်။ ယခုအခါ ဘာစီလိုနာအသင်းက ဆာလာကို ၂၀၂၁ ခုနှစ်က ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ထိုစဉ်က လီဗာပူးလ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနှင့် ဆာလတ် တောင်းဆိုတဲ့ လစာကို ပေးချေနိုင်ခြင်းမရှိတဲ့အတွက် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ လာမည့် ၂၀၂၅ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆာလတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .