“တိုက်စစ်ကစားသမား နေမာ ကို စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေတဲ့ အယ်လ်ဟီလာ”
08 Novဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်း က ပေါင်ဒဏ်ရာထပ်မံရရှိခဲ့တဲ့ တိုက်စစ်ကစားသမား နေမာ ကို လာမည့် ဇန်နဝါရီလတွင် စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ နေမာ က အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့ပြီး တစ်လဝန်းကျင်ခန့် အနားယူရဖွယ်ရှိနေပါတယ်။ နေမာ ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် ယခုပွဲစဉ်မှာ ဒုတိယမြောက်လူစားဝင်ကစားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ဟီလာအသင်းအနေနဲ့ နေမာ ကို လာမည့်ဇန်နဝါရီလမှာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းရန် စဉ်းစားနေတာဖြစ်ပြီး နေမာ ရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ (NVS 008)
08 Nov