“မန်ဒီ ရဲ့လစာငွေကို မန်စီးတီးအသင်း ပေးချေရမည်”

08 Nov

မန်စီးတီးအသင်းကို နောက်ခံလူဟောင်း ဘင်ဂျမင်မန်ဒီ အတွက် ပေးချေရန်ကျန်ရှိတဲ့ လစာငွေများ ပေးအပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နောက်ခံလူ မန်ဒီ အနေနဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများနဲ့ တရားစွဲဆို ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ အမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ မန်စီးတီးအသင်းက မန်ဒီရဲ့လစာငွေကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်ပြီး အသင်းမှထွက်ခွာသွားတဲ့ ၂၀၂၃ ဇွန်လအထိ ပေးချေခြင်းမရှိဘဲ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်ပါတယ်။ မန်ဒီ က မန်စီးတီးအသင်းမှာ တစ်နှစ်လစာ ပေါင် ၆ သန်း ရရှိခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းမှ ရရန်ရှိတဲ့ အခွန်မဆောင်မီ လစာငွေ ပေါင် ၁၁ သန်း ရယူလိုမှုနဲ့ တရားရုံးသို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ မန်ဒီ ရရှိမယ့် ငွေပမာဏနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရသေးကြောင်းလည်း သိရပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .