“ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရမှုကြောင့် အီလွန်မက်၏ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံ တိုး လာ”
08 Novအမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိသည့် အတွက် ၎င်းကို ငွေကြေးအရ ထောက်ပံ့မှုများပေးသည့် အီလွန်မက်၏ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံအထိ ထပ်မံတိုးလာ ကြောင်း သိရသည်။ အထူးသဖြင့် အီလွန်မက် ပိုင်ဆိုင်သော Tesla ကုမ္ပဏီရှယ်ယာ သည် ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၂၉၀ ဘီလီယံအထိ ရှိလာပြီဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ အီလွန်မက် သည် ဇူလိုင်လမှစ၍ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း တရားဝင်ပြောပြီးနောက် ငွေကြေး ထောက်ပံ့မှုများပေးခဲ့ခြင်း ဖြစ်သည်။ မီဒီယာများ၏ဖော်ပြချက်အရ အီလွန်မက်အနေဖြင့် ရီပက်ဘလစ်ကန်ပါတီ ၏ နိုင်ငံရေးလှုပ်ရှားမှုကော်မတီသို့ ဒေါ်လာ ၁၁၉ သန်းအထိ လှူဒါန်းခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
08 Nov