“တရုတ်-အမေရိကန် ရေရှည်လက်တွဲနိုင်ရန် နည်းလမ်းရှာတွေ့မည်ဟု ယုံကြည်ကြောင်း ရှီကျင့်ဖျင် က ဒေါ်နယ်ထရမ့်ကိုပြော”

08 Nov

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ဒေါ်နယ်ထရမ့်ထံ တရုတ်သမ္မတ ရှီကျင့်ဖျင် က ဂုဏ်ယူဝမ်းမြောက်ကြောင်းစာလွှာပေးပို့ရာ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကြား ရေရှည်လက်တွဲနိုင်ရန် နည်းလမ်း ရှာတွေ့မည်ဟု ယုံကြည်ကြောင်း ပြောထားသည်ဟု သိရသည်။ ထို့ပြင် တရုတ်နှင့်အမေရိကန်တို့သည် ပူပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်ကာ ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ရှီကျင့်ဖျင် ကပြောသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ တည်ငြိမ်မှု၊ ကောင်းမွန်မှုနှင့် ရေရှည်တည်တံ့မှုတို့ရှိသော တရုတ်-အမေရိကန်ဆက်ဆံရေးသည် နှစ်နိုင်ငံ လုံး၏ ဘုံအကျိုးစီးပွားများဖြစ်သည်သာမက နိုင်ငံတကာ အသိုင်းအဝိုင်း၏မျှော်လင့်ချက်များလည်း ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောထားသည်။ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ထမ်းဆောင်စဉ် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲခဲ့ရာ တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် စည်းကြပ်အခွန်ကို ၆၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံသောကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွင် ကမောက်ကမများစွာ ဖြစ်ပွားဖူးကြောင်း သိရသည်။

08 Nov

ADVERTISE HERE .