“ပြည်သူလူထုအနေနဲ့ လုံခြုံရေးအဆင့်အတန်းမြင့်မားသော ငွေစက္ကူများကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်”

08 Nov

ပြည်သူလူထုအနေနဲ့ လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင် က ပြောကြားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေနဲ့ သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေး အဆင့်အတန်းမြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ် အနေနဲ့ ချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်းဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံမှန်ကန်ပြီး အလွယ်တကူမပျက်စီး စေရေးအတွက် အသိပညာပေးဆောင်ရွက်ရာမှာ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များရဲ့ အခန်းကဏ္ဍက များစွာအရေးကြီးကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်အများပြည်သူကိုင်တွယ်သုံးစွဲငွေများမှာ သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ် သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သတိပြုလျက် ကာကွယ် ဆောင်ရွက်ရန်အချက်များအပါအဝင် ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလို တဲ့အချက် များ စသည်တို့ကို အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

08 Nov

ADVERTISE HERE .