“ဒဏ်ရာမှ သက်သာလာလို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ မေဆန်မောင့်”
07 Nov
မန်ယူအသင်း ကွင်းလယ်ကစားသမား မေဆန်မောင့် ဦးခေါင်းဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မန်ယူအသင်းက စပါးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရာမှ ပြန်လည်သက်သာလာခြင်းကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား မေဆန်မောင့် ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂၀၂၃-၂၀၂၄ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး တစ်ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ (NVS 008)
07 Nov