“မာခ့်ကာဆာဒို ကို ယူရို သန်း ၁၀၀ ရရှိပါက ရောင်းချသွားဖွယ်ရှိတဲ့ ဘာစီလိုနာအသင်း”

07 Nov

ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို အား ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိပါက ရောင်းချသွားဖွယ်ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားကို လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။ ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားသလို အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေပြီး မာ့ခ်ကာဆာဒို အား ခေါ်ယူသွားနိုင်မည်လားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .