“ဘာစီလိုနာအသင်း နောက်ခံလူ ခွန်ဒဲ ကို ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ရှိနေတဲ့ PSG အသင်း”
07 NovPSG အသင်းက ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲ ကို ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းရန် အသင့်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ခွန်ဒဲ က ဘာစီလိုနာအသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပေမယ့် စိတ်ကြိုက်နေရာဖြစ်တဲ့ ခံစစ်အတွင်းလူအဖြစ် ကစားရခြင်းမရှိပါဘူး။ ဒါကြောင့် PSG အသင်းက ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းရာမှာ ခံစစ်အတွင်းလူအဖြစ် ကစားရမယ့် အခွင့်အရေးပေးမယ်ဆိုတဲ့အချက်ကို ထည့်သွင်းကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ခွန်ဒဲ က ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့အပြင် ယူရို ၁ ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ခွန်ဒဲ ဟာ ဘာစီလိုနာအသင်းအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားကာ ၁ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)
07 Nov