“အောင်သူ ရဲ့ ဒဏ်ရာအခြေအနေအပေါ်မူတည်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ စီစဉ်ထားတဲ့ နည်းပြမျိုးလှိုင်ဝင်း”

07 Nov

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း က တိုက်စစ်မှူး အောင်သူ ရဲ့ ဒဏ်ရာအခြေအနေ အပေါ် မူတည်ကာ အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ အောင်သူ က ထိုင်းကလပ် အူထိုင်းထာနီအသင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရတာကြောင့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အောက်တိုဘာလနှင့် နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ယှဉ်ပြိုင်ကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲများကို လွဲချော်လျက်ရှိပါတယ်။ အောင်သူ က အူထိုင်းထာနီအသင်းတွင် အပေါ့စားလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သောကြောင့် ဒီဇင်ဘာလ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ASEAN Cup ပြိုင်ပွဲတွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ ဒါကြောင့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းဟာ အောင်သူရဲ့ဒဏ်ရာအခြေအနေဟာ ASEAN Cup ပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်ပါက အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ အောင်သူ အနေနဲ့ လက်ရွေးစင်အသင်းအတွက် ဂိုးမသွင်းယူနိုင်သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ၂၀၂၃ မတ်လကကစားခဲ့တဲ့ သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ ကာဂျစ္စတန်အသင်းဘက်သို့ နောက်ဆုံးဂိုးသွင်းခဲ့ပြီးနောက် ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာ ကစားရသေးတာ ဖြစ်ပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .