မထင်မှတ်ထားတာတွေ ဖြစ်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

07 Nov

အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၄) မှာ မထင်မှတ်ထားတဲ့ ရလဒ်တွေအတူ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို လိဂ်ပုံစံအဖြစ် ပြောင်းလဲယှဉ်ပြိုင်ရတာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်အသင်းရဲ့ ကစားသမားတွေဟာ အနားယူချိန်အနည်းငယ်သာ ရရှိကြပါတယ်။ ဒါကြောင့် ယခုနှစ်ချန်ပီယံ လိဂ်ပြိုင်ပွဲဟာ မထင်မှတ်တဲ့ ရလဒ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံ လိဂ်အမှတ်ပေးဇယားကို ရှုံးပွဲမရှိ ရမှတ် ၁၂ မှတ်နဲ့ ဦးဆောင်ထားပါတယ်။ ယခုနှစ်မှာ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ရလဒ်တွေကောင်းမွန်နေတဲ့ အက်စတွန်ဗီလာအသင်းကတော့ ကလပ်ဘရုဂေးအသင်းရဲ့ အိမ်ကွင်းမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ဇယားအဆင့်(၁)ကနေ ဆင်းပေးခဲ့ရပါတယ်။ ရီးရဲလ်အသင်းနဲ့ အေစီမီလန်အသင်း တို့ ပွဲစဉ်မှာ အေစီမီလန်အသင်းက ရီးရဲလ်အသင်းကို ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းက အိမ်ရှင်စပို့တင်းအသင်းကို ၄ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ရှုူံးနိမ့်ခဲ့တာကြောင့် စပို့တင်းအသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ထပ်အသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်အင်တာမီလန်အသင်းက အာဆင်နယ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို ဘာစီလိုနာ အသင်းက အိမ်ရှင် ရက်စတား ဘဲလ်ဂရိတ် အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါတယ်။ ဒါကြောင့် ယခုတစ်ပတ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်အသင်းက အဆင့် (၁)၊ စပို့တင်းအသင်းက အဆင့်(၂)၊ အဆင့်(၃)မှာ မိုနာကိုအသင်းနှင့် အဆင့်(၄)မှာတော့ ဘရက်အသင်းတို့က အသီးသီးရပ်တည်နေကြပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .