“ဖိလစ်ပိုင်က အမြန်သွား ကင်းလှည့်ရေယာဉ် အစင်း ၄၀ ဝယ်ယူမည်ဟု သိရ”

07 Nov

ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ကမ်းရိုးတန်းများကို ကာကွယ်နိုင်ရေးအတွက် အမြန်သွား ကင်းလှည့်ရေယာဉ် အစင်း ၄၀ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကုန်ကျမည့် အဆိုပါ ရေယာဉ်များ ဝယ်ယူနိုင်ရေးအတွက် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ဦးဆောင်သော အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့က ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီး ထိုရေယာဉ်များကို ပြင်သစ်အစိုးရ၏ထောက်ပံ့ ငွေဖြင့် ဝယ်ယူသွားမည်ဖြစ်သည်။ တရုတ်ကမ်းကမ်းခြေစောင့် တပ်ဖွဲ့နှင့် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့တို့ကြား ရေပိုင်နက်အငြင်းပွားမှု အခြေအနေ တင်းမာနေစဉ် ဖိလစ်ပိုင်က အဆိုပါရေယာဉ်များကို ဝယ်ယူရန်စီစဉ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လ များအတွင်း တောင်တရုတ်ပင်လယ်၌ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့်အငြင်းပွားမှုများကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်အချို့ ပျက်စီးမှုများ‌ရှိကြောင်း သိရသည်။

07 Nov

ADVERTISE HERE .