“လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် SME လုပ်ငန်းများ လည်ပတ်ဖို့အခက်ကြုံလာနိုင်”

07 Nov

မန္တလေးမြို့မှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသောကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းများလည်ပတ်ရန် အခက်ကြုံနေရနိုင်တယ်လို့ သိရပါတယ်။ လျှပ်စစ်မီးကို ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းက တစ်ရက်ကို အလှည့်ကျစနစ်နဲ့ ၁၀ နာရီဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိမှာ တစ်ရက်ကို အလှည့်ကျစနစ်နဲ့ ၈ နာရီဝန်းကျင်သာရှိတာကြောင့် မီးလာချိန်ထက် ပျက်ချိန်များက များနေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် လုပ်ငန်းများလည်ပတ်ရာမှာ အခက်ကြုံနေရကာ လုပ်ငန်းများကို စက်သုံးဆီများနဲ့ လည်ပတ် နေရပြီး ကုန်ကျစရိတ် ပိုမိုများလာသလို ကုန်ကျစရိတ်များတာကြောင့် ထုတ်ကုန်များကို ဈေးထပ်တင်နေရတယ်လို့ SME လုပ်ငန်းရှင်တစ်ဦးထံကနေ သိရပါတယ်။ လျှပ်စစ်မီးက လုပ်ငန်းတစ်ခု လည်ပတ်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်တာကြောင့် ယခုပွင့်လင်းရာသီမှာ ပြတ်တောက်လာခြင်းက လုပ်ငန်းပုံမှန်လည်ပတ်ရန်အတွက်ပင် ခက်ခဲလာနိုင်တယ်လို့ သိရပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .