“သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရဲ့ သင်တန်းများအားလုံးကို နိုဝင်ဘာလ ၂၁ ရက်မှာ ဖွင့်လှစ်မည်”

07 Nov

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းရှိ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံးကို နိုဝင်ဘာလ ၂၁ ရက်မှာ ဖွင့်လှစ်သွားမည်ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။ နိုဝင်ဘာလ ၁၁ ရက်ကနေစတင်ပြီး ကျောင်းအပ်လက်ခံခြင်း၊ သတင်းပို့မှုများကို လက်ခံဆောင်ရွက်ပေးသွား မယ်လို့ သိရပါတယ်။ အဆိုပါသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)ကို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ သက်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပြီး လေးနှစ်တက်ရောက် အောင်မြင်သူများကိုသိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc Forestry ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဖုန်း (၀၆၇၃ ၄၁၆ ၆၈၁)၊(၀၆၇၃ ၄၁၆ ၅၁၉) ကိုဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ (NVS 008)

07 Nov

ADVERTISE HERE .