“နေပြည်တော်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၈၀ မှ ကုန်ထုတ်လုပ်မှု စစ်တမ်း ကောက်ယူမည်”

07 Nov

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(ကုန်ထုတ်လုပ်မှု) စစ်တမ်း ၂၀၂၄ ခုနှစ်အတွက် နေပြည်တော်ရှိ လုပ်ငန်းပေါင်း ၈၀ ကို ၁၃ ရက်ကြာစစ်တမ်းကောက်ယူသွားမယ်လို့ နိုဝင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်တမ်းကောက်ယူရေးလုပ်ငန်းရှင်များနှင့် အကြိုရှင်းလင်းပွဲအခမ်းအနားကနေ သိရပါတယ်။ စစ်တမ်းကောက်ယူမှုကို နိုဝင်ဘာလ ၇ ရက်မှ ၁၉ ရက်အထိ ပျဉ်းမနားမြို့နယ်မှာ ကောက်ယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ စစ်တမ်းကောက်ယူခြင်းရဲ့ ရည်ရွယ်ချက်မှာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုနိုင်ဖို့ ၊ MSME လုပ်ငန်းများရဲ့ လိုအပ်ချက်ကိုသိရှိနိုင်ဖို့၊ MSME မူဝါဒချမှတ်သူများအတွက် စာရင်းအင်းဆိုင်ရာအချက်အလက်များ ဖြည့်ဆည်း ပေးနိုင်ဖို့၊ ငွေကြေးအရင်းအနှီးနဲ့ စီမံခန့်ခွဲမှုအခြေအနေများကို သိရှိနိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီးပေးနိုင်မှု အခြေအနေများကို သိရှိနိုင်ဖို့နှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတို့ကို သိရှိနိုင်ဖို့အတွက်ဖြစ်တယ် သိရပါတယ်။ (NVS 004)

07 Nov

ADVERTISE HERE .