“ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အပတ်စဉ် ပြေးဆွဲမည်”
07 Novမြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ယခုနိုဝင်ဘာလအတွင်း ချောင်းသာကမ်းခြေနှင့် ငွေဆောင် ကမ်းခြေများသို့ သွားရောက်ကြမယ့် ခရီးသည်များအတွက် ရန်ကုန်- ပုသိမ်ခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့များ ဖြစ်တဲ့ ၁၀၊ ၁၇၊ ၂၄ ရက်တို့မှာလည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန်- ညောင်ဦး ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်တဲ့ ၁၃၊ ၂၀၊ ၂၇ ရက်နှင့် ညောင်ဦး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊ ၁၅ ရက်တို့မှာလည်းကောင်း ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။ ရန်ကုန်-ပုသိမ် ခရီးစဉ်က ရန်ကုန်မှ နံနက် ၁၁ နာရီခွဲမှာ ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်က ရန်ကုန်မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ ညောင်ဦးသို့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ ညောင်ဦး-ရန်ကုန်ခရီးစဉ်က ညောင်ဦးမှ ညနေ ၅ နာရီမှာ ထွက်ခွာ၍ ရန်ကုန်သို့ ည ၇ နာရီမှာ လည်းကောင်း ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ဈေးနှုန်းများကို ရန်ကုန်-ပုသိမ် ခရီးစဉ်အသွားတစ်ကြောင်းစာ ၁၆၀,၀၀၀ ကျပ်၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်အသွားတစ်ကြောင်းစာ ၂၉၀,၀၀၀ ကျပ်နှင့် ညောင်ဦး-ရန်ကုန် ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၇၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခရီးစဉ်ကို ATR 72-600 လေယာဉ်နဲ့ ပျံသန်းပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)