ကုန်ဈေးနှုန်းသတင်း ၆.၁၁.၂၀၂၄

06 Nov

အောက်တိုဘာလ ၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်ကျဆင်းနေပေမယ့် ပဲစင်းငုံနီနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီဈေးကတော့ ဆက်တိုက်မြင့်တက်နေပါ တယ်။ ထန်းလျက်နဲ့ သကြားဈေးတွေကတာ့ ဈေးငြိမ်‌နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၈,၂၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၁,၁၄၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၁၀၅ ကျပ်ကနေ ၆,၁၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၈,၅၇၁ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာ ကို ၃,၃၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၇,၃၀၀ ကျပ်၊ ပုစွန်ခြောက် (မြိတ်ပုစွန်) တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၉၈ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၈၀ ကျပ်၊ မန္တလေးမှာ ၃,၁၆၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၃၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၅ ကျပ်၊ မန္တလေးမှာ ၂,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၀ ကျပ်၊ မန္တလေးမှာ ၃,၃၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၄၂,၂၀၈/-) ငါးဆယ် ခြောက်သိန်း လေးသောင်း နှစ်ထောင် နှစ်ရာ ရှစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၀၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

06 Nov

ADVERTISE HERE .