“ရွှေဖိနပ်ဆုအတွက် ရေပန်းစားအဆုံးဖြစ်လာတဲ့ လီဝမ်ဒေါ့စကီး”

06 Nov

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝမ်ဒေါ့စကီ ဟာ ယခုနှစ်ရာသီ ဥရောပရွှေဖိနပ်ဆုရရှိရန်အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ လီဒေါ့စကီး ဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၁၄ ဂိုးအထိသွင်းယူထားခဲ့တာကြောင့် ရမှတ် ၂၈ မှတ်နဲ့ ဥရောပရွှေဖိနပ်ဆုအတွက် ရေးပန်အစားဆုံးဖြစ်လာခဲ့ပါတယ်။ လီဝမ်ဒေါ့စကီး ဟာ အမှတ်ပေးပြိုင်ပွဲ ၁၂ ပွဲအထိ ပါဝင်ကစားထားပြီး သွင်းဂိုး ၁၄ ဂိုး နှင့် ဂိုးဖန်တီးမှု နှစ်ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့တာကြောင့် ဥရောပရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးနောက်မှတော့ ကာလ်ဂျူး အသင်းမှ အဲလက်တမ်း၊ စပို့တင်းအသင်းမှ ဂိုကာရက်စ် နှင့် ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း ကတို့ အသီးသီးရပ်နေကြ ပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .