“ရေဘေးရင်ဆိုင်နေရချိန်မှာ ဘောလုံးပွဲအားလုံးကို ရပ်တန့်ထားသင့်တယ်လို့ဆိုတဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ”

06 Nov

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ က ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရတဲ့ လက်ရှိအချိန် စပိန်နိုင်ငံမှာ ဘောလုံးပွဲအားလုံးကို ရပ်တန့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ စပိန်နိုင်ငံမှာ ဒါနာမုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ ရပါတယ်။ ဒါကြောင့် ဘောလုံးပွဲစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗီလာရီးရဲလ် - ဗယ်လက်ကာနို ပွဲစဉ်နှင့် ဗလင်စီယာ - ရီးရဲလ်အသင်းတို့ ပွဲစဉ်နှစ်ပွဲကိုသာ ရွှေ့ဆိုင်းခဲ့ပြီး ကျန် ၈ ပွဲကို ပုံမှန်အတိုင်း ဆက်လက် ယှဉ်ပြိုင်ကစားစေခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကလည်း ဘောလုံးပွဲ အားလုံးကို ရပ်တန့်ထားသင့်တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .