“ရီးရဲလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အေစီမီလန်အသင်း”
06 Nov
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေစီမီလန်အသင်းက ရီးရဲလ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်၊ လေဗာကူဆင်၊ ရီးရဲလ်စတဲ့ ထိပ်သီးပြိုင်ဘက် များနှင့် ဆုံတွေ့နေပြီး ရီးရဲလ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းက ချန်ပီယံလိဂ် ၃ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ လီဗာပူးလ်နှင့် လေဗာကူဆင်တို့ကို ရှုံးနိမ့်ခဲ့ပြီး ကလပ်ဘရုဂေးကိုသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အေစီမီလန်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယား အဆင့် (၁၈)မှာ ရပ်တည်နိုင်ခဲ့ပြီး ရီးရဲလ်အသင်းက အမှတ်ပေးဇယားအဆင့် (၁၇) မှာ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်။ (NVS 008)
06 Nov