“အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲရုံများစတင်ဖွင့်လှစ်ချိန် နယူးဟမ့်ရှိုင်းယားပြည်နယ်က အစောဆုံး မဲပေးခွင့်ရ”

06 Nov

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီး နယူးဟမ့် ရှိုင်းယားပြည်နယ်မှ ပြည်သူများက အစောဆုံးမဲပေးခွင့်ရရှိကြောင်း သိရသည်။ နယူးဟမ့်ရှိုင်းယားပြည်နယ်ရှိ ဒစ္စဗေးနော့မြို့ငယ်လေးမှ မဲပေးခွင့်ရှိသူ ပြည်သူခြောက်ဦးက မိရိုးဖလာထုံးထမ်းစဉ်လာအရ နိုဝင်ဘာလ ၄ ရက် ညသန်းခေါင်ယံ နောက်ပိုင်းတွင် မဲပေးကြသည်။ ထိုခြောက်ဦး၏မဲပေးမှုရလဒ်တွင် ကမ်မလာ ဟဲရစ်နှင့် ဒေါ်နယ် ထရမ့်တို့ က တစ်ဖက်လျှင် သုံးမဲစီဖြင့် ညီတူညီမျှရှိနေသည်ကို မြင်တွေ့ရသည်။ ယခုရွေးကောက်ပွဲတွင် ဆူပူအုံကြွမှုများ၊ ပဋိပက္ခများဖြစ်လာနိုင်သည့်အခြေအနေအတွက် လုံခြုံရေးတင်းကျပ်စွာ ချထားခြင်းဖြင့် မဲရုံများ ကို ဖွင့်လှစ်လာခြင်းဖြစ်သည်။ အဆိုပါ လုံခြုံရေးအစီအမံများတွင် မဲရေတွက်သည့် နေရာများကို ကာကွယ်နိုင်ရေး အတွက် ခေါင်မိုးများပေါ်၌ လက်ဖြောင့်သေနတ်သမားများကို နေရာချထားမှုအထိ ပါဝင်သည်။ ထို့ပြင် မဲရုံဝန်ထမ်းများအတွက် အရေးပေါ်ခလုတ်များကိုလည်း တပ်ဆင်ပေးထားသည်သာမက မဲရုံများ အပေါ်၌ ကင်းထောက်ဒရုန်းများက အဆက်မပြတ်ပျံဝဲလျက်ရှိသည်။ လက်ရှိတွင် ကြိုတင်မဲပေးမှုများနှင့် စာအိတ် မဲပေးသူ အရေအတွက် စုစုပေါင်း ၈၂ သန်းကျော်အထိ ရှိထားကြောင်း ဖလော်ရီဒါတက္ကသိုလ် ရွေးကောက်ပွဲ သုတေသနဌာနက အောက်တိုဘာလ ၄ ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြ ထားသည်။

06 Nov

ADVERTISE HERE .