မုံရွာမြိုနယ်ထွက် မိုးနေကြာ တစ်ဧကတင်း (၂၀) ကျော်ထွက်

06 Nov

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်မှာ စိုက်ပျိုးတဲ့ မိုးနေကြာများ တစ်ဧက တင်း ၂၀ ကျော်ထွက်ရှိကြောင်း နေကြာစိုက်တောင်သူများကနေ သိရပါတယ်။ မိုးနေကြာများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းသည့် စပ်မျိုး - ၁၊ ဆင်းရွှေကြာ -၂ နေကြာမျိုးများကို စံကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုး၍ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဆောင်ရွက်စိုက်ပျိုးတာ ဖြစ်ပါတယ်။ စံကွက်များ၊ စမ်းသပ်ကွက်များစိုက်ပျိုး၍ ပိုးမွှားရောဂါများ ကျရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်းလိုက်နာကျင့်သုံးသည့်အတွက် အထွက်နှုန်းပိုမိုကြောင်းလည်းသိရပါတယ်။ မုံရွာမြို့နယ်တွင် မိုးနေကြာ ၉၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ယ‌ခုအချိန်အထိ ၂၅၉ ဧက ရိတ်သိမ်းပြီးဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

06 Nov

ADVERTISE HERE .