အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်

06 Nov

အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင် နိုဝင်ဘာလ ၅ ရက်နံနက် ၈ နာရီကကျင်းပတဲ့ ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးသည် အဆိုပါအစည်းအဝေးကို Internatiional Buddhist Confederation ၏ ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားတွင် ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရပါတယ်။ ထို့ပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language” အကြောင်းကို မိန့်ခွန်းအဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ သမ္မတနှင့် နိုင်ငံပေါင်း ၃၀ မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ အပါအဝင် လူပေါင်း ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 003)

06 Nov

ADVERTISE HERE .