“တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အကြိုကာလ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ အထူးကြပ်မတ်နေ”

06 Nov

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အကြိုကာလ မြို့တွင်းယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးကြပ်မတ်စစ်ဆေးလျက်ရှိပြီး လိုင်စင်မဲ့ယာဉ်နှင့် စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းမှုများ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှစတင်ကာ လိုင်စင်မဲ့ယာဉ်အပါအဝင် စည်းကမ်းမဲ့ မောင်းနှင်သူများကို ပညာပေး ကာလအဖြစ် သတ်မှတ်ကာ အခုလနောက်ဆုံးပတ်အတွင်း စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဖမ်းဆီးစစ်ဆေးရာမှာ မြို့တွင်းလမ်း‌မကြီးပေါ်များမှာသာမက အခြားသောလမ်းသွယ်များအတွင်းတွေပါ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .