“ဒဏ်ရာထပ်မံရရှိခဲ့တဲ့ နေမာ”
05 Nov
အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ က အယ်စတယ်လာအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ အာရှချန်ပီယံလိဂ်ပွဲမှာ လူစားဝင်ကစားပြီးနောက် ပေါင်ဒဏ်ရာ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ နေမာ အနေနဲ့ ၅၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၈၇ မိနစ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ နေမာ ဟာ ဒူးအရွတ်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အယ်လ်အိန်းအသင်းနှင့် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ပထမဆုံး ပြန်ကစားခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ နေမာ အတွက် ဒုတိယမြောက်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့စဉ် ဒဏ်ရာထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
05 Nov