“ကနေဒါနိုင်ငံရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းကို လူအုပ်ဖြင့်တိုက်ခိုက်မှု အိန္ဒိယအပြစ်တင်ဝေဖန်”
05 Novကနေဒါနိုင်ငံရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းတစ်ခုကို ဆစ်(ခ်)ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူများက လူအုပ်ဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ရာ အဆိုပါတိုက်ခိုက်မှုကို အိန္ဒိယအစိုးရက အပြစ်တင်ဝေဖန်ထားကြောင်း သိရသည်။ တုတ်များကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဘရမ်တန်ဘုရားရှိခိုးကျောင်းသို့လာသည့် အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ဘုရားဖူးများကို တိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များက အများဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း Times of India သတင်းဌာနက နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကနေဒါနိုင်ငံ၌ ဆစ်(ခ်)ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကနေဒါအစိုးရက အိန္ဒိယ အစိုးရကို စွပ်စွဲထားခြင်းအတွက် နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်လာနေစဉ် ယခုကဲ့သို့ပဋိပက္ခများ ဖြစ်ပွားခြင်းဖြစ်သည်။ ဆစ်(ခ်)ခွဲထွက်ရေးအဖွဲ့သည် ပန်ဂျပ်ပြည်နယ်ကို ၎င်းတို့၏ မြို့ပြနိုင်ငံအဖြစ် သတ်မှတ် ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။