“မီးလောင်ခဲ့တဲ့ ဆီဆိုင်မြို့မဈေးကို ကျပ်သန်းပေါင်း ၃၈၀ နီးပါးအကုန်ကျခံ ပြန်တည်ဆောက်နေ”
05 Novရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်မြို့မှာ ကျပ်သန်းပေါင်း ၃၈၀ နီးပါးအကုန်ကျခံကာ ယာယီဈေး တည်ဆောက်လျက်ရှိတယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနကနေ သိရပါတယ်။ အဆိုပါယာယီဈေးကို ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီဌာနရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ အကုန်ကျခံကာ တည်ဆောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါမြို့မဈေးက ပြီးခဲ့တဲ့ ဇန်နဝါရီလောက်က မီးလောင်သွားခဲ့လို့ ယာယီအကွက်ချပုံစံနဲ့ ဖွင့်လှစ်ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ယာယီဈေးကို တည်ဆောက်ပေးနေတာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပါပြီဖြစ်ပါတယ်။ ခန့်မှန်းငွေကျပ် ၃၇၉ ဒသမ ၈၉၇ သန်းနဲ့ တည်ဆောက်နေတာဖြစ်တယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ လက်ရှိတည်ဆောက်နေတဲ့ ယာယီဈေးဟာ အဆောင် ၁၈ ခု၊ ဆိုင်ခန်းပေါင်း ၃၈၂ ခန်း ပါဝင်တယ်လို့ သိရပါတယ်။ (NVS 003)