ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရခြင်းအတွက် ဒဏ်ရာပြဿနာများကို ဂွါဒီယိုလာ အပြစ်တင်

04 Nov

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရခြင်းအတွက် ဒဏ်ရာပြဿနာ များကို အပြစ်တင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)အဖြစ် အောက်တိုဘာလ ၂ ရက်က ဘုန်းမောက်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ပြီးခဲ့တဲ့တစ်ပတ် ဆောက်သမ်တန်အသင်းနှင့်ပွဲအထိ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ထားသလို ပြိုင်ပွဲသမိုင်းမှာ အာဆင်နယ်အသင်းက ၄၉ ပွဲ၊ လီဗာပူးလ် အသင်းက ၄၄ ပွဲ၊ ချဲလ်ဆီးအသင်းက ပွဲ ၄၀ တို့ပြီးလျှင် စတုတ္ထနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .