“ONE 170 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သန့်ဇင် နှင့် ထိုင်းဖိုက်တာ ဆူရီရန်လက် တို့ပွဲစဉ်ထပ်မံပါဝင်လာ”
04 Nov
ဇန်နဝါရီလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပမယ့် ONE 170 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သန့်ဇင် နဲ့ ဆူရီရန်လက် တို့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ONE Championship က ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ သန့်ဇင် က ဂျပန်ဖိုက်တာ တာကဲရု ကို အရေးနိမ့်ခဲ့ပြီးနောက် ONE Championship နှင့် လက်တွဲခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲစဉ်ဟာ သန့်ဇင် အတွက် ONE Championship ပြိုင်ပွဲရဲ့ ပထမဆုံးပွဲ ဖြစ်လာခဲ့ပါတယ်။ သန့်ဇင် ဟာ ONE နှင့် လက်တွဲပြီးနောက် သုံးပွဲထိုးသတ်ရာမှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၄ ရက်မှာကျင်းပမယ့် ONE 170 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သန့်ဇင် ရဲ့တွဲဆိုင်းအပြင် နာမည်ကြီးဖိုက်တာ စိုးလင်းဦး ရဲ့ တွဲဆိုင်းလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
04 Nov