“ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာလှေလှော်အသင်း”
04 Novတရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နှင့် ၁၀ ရက်တို့မှာ ကျင်းပမယ့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲကို မြန်မာလှေလှော်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ မြန်မာလှေလှော်အသင်းက အောက်တိုဘာလ ၂၄ ရက်မှ နို၀င်ဘာလ ၃ ရက်အထိ တရုတ်နိုင်ငံ၊ Yichang မြို့တွင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့မှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့မျာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲမှာ အမျိုးသား+အမျိုးသမီး မီတာ ၅၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင် ပထမရွှေတံဆိပ် ၁ ခု၊ အမျိုးသား+အမျိုးသမီး မီတာ ၂၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲတွင် ဒုတိယငွေတံဆိပ် ၁ ခုတို့ရရှိခဲ့ပြီး လက်ရည်စစ်ပြိုင်ပွဲများအပြီးမှာ ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၃ ခု ထပ်မံဆွတ်ခူးနိုင်ခဲ့တာကြောင့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ (NVS 008)