“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ယခင်တစ်ပတ်ဈေးနှုန်းထက် ၂၇၅ ကျပ်အထိ မြင့်တက်”

04 Nov

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆,၅၉၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အဆိုပါဈေးနှုန်းက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ဖြစ်ပေါ်နေသော ဈေးကွက်နှင့်ဈေးနှုန်း များအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းမှာ ၆၃၂၀ ကျပ်ဖြစ်လို့ ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းမှာ ၂၇၅ ကျပ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 003)

04 Nov

ADVERTISE HERE .