“ဘုရားဖူးရာသီအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်”

04 Nov

ဆံတော်ရှင် ကျိုက်ထီရိုးတောင်တက် ဘုရားဖူးရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ဘုရားဖူးလာပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသုံး ရေဂါလန်နှစ်သိန်းဆံ့ သိုလှောင်ကန်နှင့် ရေဂါလံတစ်သောင်းနှစ်ထောင်ဆံ့ သိုလှောင်ကန်များကို ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်မှုကို ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာနသတိပေးချက်များကို ဒေသခံများအပြင် ဧည့်သည်များပါလိုက်နာပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ လက်ရှိအချိန်အထိ ဒေသခံများအပါအဝင် ဘုရားဖူးလာရောက်ဖူးမျှော်သူ ဧည့်သည်များအတွင်း ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားသူ မရှိသေးကြောင်း အသိပေးထားပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ တည်ရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ပါတယ်။ (NVS 003)

04 Nov

ADVERTISE HERE .