“မြန်မာနိုင်ငံလုံးဆိုင်ရာ(စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပ”
04 Novရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မှာ နာဂပုရသာသနာလင်္ကာရ အသင်းမှ ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ(စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော် စာမေးပွဲကို နိုဝင်ဘာလ ၃ ရက်၊ မွန်းတည့် ၁၂ နာရီမှာ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဆက်လက်ဖြေဆိုလျက်ရှိရာ အလှူရှင်များကလည်း လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ အဆိုပါစာမေးပွဲသို့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျောင်းပေါင်း ၂၃၅ ကျောင်းမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင် ၇၄ ပါး၊ မူလတန်းအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၂၉၀ ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၁,၃၅၃ ပါး၊ ဒုတိယ အဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၄၇၄ ပါး၊ တတိယအဆင့်ရဟန်း၊ သာမဏေ၊ သီလရှင် ၂၉၆ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၂,၄၈၇ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ အဆိုပါစာမေးပွဲကို နိုဝင်ဘာလ ၁ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိပြီး စာအောင်သံဃာတော်များကို ဆွမ်းဆန်လောင်းလှူပွဲနှင့် ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲတို့ကို နိုဝင်ဘာလ ၆ ရက်မှာ ကျင်းပသွားမယ်လို့ သိပါတယ်။ (NVS 003)