“မန်းရွှေစက်တော်ဘုရားကို လာရောက်ရင်း ဘေးမဲ့တောဥယျာဉ်ကိုပါ ဝင်ရောက်လေ့လာနိုင်”
04 Novမကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးကို လာရောက်ဖူးမျှော်ကြတဲ့ ပြည်တွင်း/ပြည်ပ ခရီးသွားများအနေနဲ့ ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ကို ဝင်ရောက်လေ့လာနိုင်ကြောင်း သိရပါတယ်။ ၂၀၀၄ ခုနှစ်မှစတင်ကာ သစ်တောဦးစီးဌာန၊ သားငှက်တိရစ္ဆာန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိရစ္ဆာန်များမွေးမြူစောင့်ရှောက်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်နှင့် ရွှေသမင်များကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရွှေသမင်များကို ၂၀၁၂ ခုနှစ်တွင် နေပြည်တော်ရှိ ဆာဖာရီ ဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်တို့မှ အထီး ၅ ကောင်၊ အမ ၇ ကောင်နဲ့ စတင်မွေးမြူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါတယ်။ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တောဥယျာဉ်က ရွှေစက်တော်ဘုရားအဝင် ၃ မိုင်လမ်းရှိ လှေတင်တံတား အနောက်ဘက်မှာတည်ရှိပြီး ကြယ်လိပ်နှင့် ရွှေသမင်များအပြင် နို့တိုက်သတ္တဝါမျိုးစုံ၊ ကုန်းနေရေနေ သတ္တဝါမျိုးစုံနှင့် ငှက်မျိုးစိတ်များစွာရှိသည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား၊ ဗိုက်ဖြူ ငှက်များ နေထိုင်ကျက်စားလျက်ရှိကြသော်လည်း အချို့မှာ မျိုးသုဉ်းပျောက်ကွယ်နေပြီဖြစ်တယ်လို့ ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ (NVS 003)