မန်ယူအသင်းတွင် ဆက်ရှိရန် ဆန္ဒအပြည့်ရှိကြောင်း ပြောခဲ့တဲ့ နစ္စတယ်ရွိုင်း

03 Nov

မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်သူ နစ္စတယ်ရွိုင်း က အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက်ရှိနေပြီး အသင်းအတွက်ကူညီမှုများပေးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။ နစ္စတယ်ရွိုင်း ဟာ ပြီးခဲ့သည့်နွေရာသီကမှ နည်းပြ တန်ဟတ် ရဲ့ လက်ထောက်နည်းပြအဖြစ် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ယာယီနည်းပြအဖြစ် အသင်းကိုတာဝန်ယူနေတာ ဖြစ်ပါတယ်။ အသစ်ခန့်အပ်ခဲ့တဲ့ နည်းပြ ရူဘင်အမိုရင် က စပို့တင်းလစ္စဘွန်းအသင်းမှာ လက်တွဲလုပ်ဆောင်နေတဲ့ လက်ထောက်နည်းပြနှစ်ဦးကို အိုးလ်ထရက်ဖို့ဒ်သို့ တစ်ပါတည်းခေါ်ယူရန် စီစဉ်ထားပြီးဖြစ်လို့ နစ္စတယ်ရွိုင်း ရဲ့ အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ရူဘင်အမိုရင် အနေနဲ့ နိုဝင်ဘာလ ၁၁ ရက်တွင် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာပြီး အစ်ဝှစ်ချ် အသင်းနဲ့ပွဲမှသာ စတင်တာဝန်ယူမှာဖြစ်လို့ နစ္စတယ်ရွိုင်း က ချဲလ်ဆီး၊ ပီအေအိုကေ၊ လက်စတာအသင်းတို့နဲ့ ပွဲတွေကို ဆက်လက်တာဝန်ယူရမှာ ဖြစ်ပါတယ်။(NVS 008)

03 Nov

ADVERTISE HERE .